သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသား ၇,၀၀၀ ကျော် လွတ်ငြိမ်းခွင့်ပေး


မြန်မာစစ်အစိုးရက သူတို့အခေါ် နိုင်ငံသား အကျဉ်းသူ၊ အကျဉ်းသားပေါင်း ၇,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါတယ်။

တည်ဆဲဥပဒေအရ အရေးယူခဲ့ရတယ်ဆိုတဲ့ ဒီအကျဉ်းသားတွေကို လူမှုရေးအားဖြင့် သက်ညှာတဲ့အနေနဲ့လည်းကောင်း၊ တိုင်းပြည်ထူထောင်ရေး လုပ်ငန်းတွေမှာ ပါဝင် ဆောင်ရွက်နိုင်ဖို့အတွက်လည်းကောင်း၊ သူတို့ကျခံဖို့ ကျန်ရှိနေသေးတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေ့ါပြီး လွှတ်ပေးလိုက်တာလို့ မြန်မာ့ရုပ်မြင်သံကြားက ကြေညာသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၀၀၀ ကျော်ရှိနေပြီး ဒီအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့နိုင်ငံ အားလုံးလိုလိုကနေ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

အခုလွှတ်ပေးလိုက်တဲ့ ၇,၀၀၀ ကျော်ထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါမယ် ဆိုတာတော့ မသိရသေးပါဘူး။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အလားတူ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့အထဲ အကျဉ်းသား ၉,၀၀၀ ကျော်ထဲမှာတော့ သတင်းစာဆရာကြီးဦးဝင်းတင်နဲ့ နိုင်ငံရေးအကျဉ်းသား အနည်းငယ် သာ ပါဝင်ခဲ့ပါတယ်။

ဒီနှစ်ဆန်းပိုင်းက လွှတ်ပေးတဲ့ အကျဉ်းသား ၅,၀၀၀ ကျော်ထဲမှာတော့ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀ လောက်သာ ပါဝင်ခဲ့ပါတယ်။ အခုလောလောဆယ် ဒေါ်အောင်ဆန်းစုကြည်အပြင် ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်၊ မစုစုနွေး စတဲ့ ပုဂ္ဂိုလ်တွေဟာ အလားတူ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော်နည်းတူ ထောင်ကျခံနေကြရဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG