မြန်မာနိုင်ငံက ကျောက်မျက်ရတနာ တင်ပို့မှုကို အမေရိကန် ပြည်ထောင်စုက ပိတ်ပင်ထားတာကြောင့် ကျောက်မျက်ရတနာ ဈေးကွက် အထိနာခဲ့ရတာတွေ ရှိပေမယ့် မြန်မာ့ကျောက်မျက်ရတနာရဲ့  အရည်အသွေးကြောင့် အရောင်းအဝယ်တွေကတော့ ရှိနေဆဲပဲလို့ ကျောက်မျက်ရတနာ ရောင်းဝယ်သူတွေက ပြောပါတယ်။ ကျောက်မျက်ရတနာ ရောင်းဝယ်မှုအပေါ် အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုဟာ စစ်အစိုးရ ခေါင်းဆောင်တွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုမျိုးမဟုတ်သလို ထိရောက်မှုလည်း မရှိဘူးဆိုပြီး ငြင်းချက်ထုတ်သူတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို မသင်းသီရိက ဆက်ပြီး တင်ပြပါလိမ့်မယ်။
Burmese Version
English Version