သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာသိမ်းမည့်ကောလာဟလ မမှန်ကြောင်း ထိုင်းစစ်ခေါင်းဆောင် ငြင်းဆို


စစ်တပ်က နောက်ထပ် အာဏာသိမ်းဖို့ အစီအစဉ် မရှိပါဘူးလို့ ထိုင်းနိုင်ငံ ကာကွယ်ရေး ဦးစီးချုပ်က အရင် ၀န်ကြီးချုပ် သက်ဆင် ရှင်န၀ဒ် ကို ဖြုတ်ချခဲ့တဲ့ တတိယ နှစ်ပတ်လည် အထိမ်းအမှတ်မှာ ပြောကြားပါတယ်။

မှန်းဆချက်တွေရှိနေပေမဲ့ အာဏာမသိမ်းပါဘူးလို့ ဗိုလ်ချုပ်ကြီး အနုပေါင် ပူချင်ဒါ က ပြောတာကို ဘန်ကောက်ပို့စ် သတင်းစာက သောကြာနေ့မှာ ကိုးကားခဲ့တာပါ။

မစ္စတာ သက်ဆင် ကို ထောက်ခံသူတွေက စနေနေ့မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဆင်နွှဲကြမှာဖြစ်တဲ့အတွက် ဘန်ကောက် မှာ စစ်သားတွေ ထောင်ချီ ချထားပါတယ်။

မစ္စတာ သက်ဆင် ကို ထောက်ခံသူတွေ ဆန္ဒပြရင် ထိန်းသိမ်းနိုင်အောင် အထူး လုံခြုံရေး ဥပဒေကို ကျင့်သုံးဖို့ ထိုင်းအစိုးရ အဖွဲ့က အင်္ဂါနေ့က အတည်ပြုခဲ့ပါတယ်။

သောကြာနေ့ကနေ တနင်္လာနေ့ တိုင်အောင် ဒီ ဥပဒေက သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ ပါလီမန် ရှိတဲ့ ဘန်ကောက်မြို့မှာ ဆန္ဒပြသူတွေကို စစ်သားတွေ ထိန်းချုပ်နိုင်ခွင့် ဒီ ဥပဒေက ပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG