အဆိုပြုထားတဲ့ ကျန်းမာရေး ကုသမှု အစီအစဉ် ထောက်ခံရေးအတွက် အမေရိကန်ပြည်ထောင်စုအတွင်း ရုပ်မြင်သံကြား ဌာန ငါးခုနဲ့ တွေ့ဆုံမေးမြန်းခန်းတွေ တရက်တည်းမှာ သမ္မတ အိုဘားမား ထုတ်လွှင့်ပါတယ်။ သမ္မတကတော် မစ်ရှဲ အိုဘားမားလည်း ကျန်းမားရေး စောင့်ရှောက်မှု ကိစ္စကို အမျိုးသမီးတွေနဲ့ တွေ့ဆုံ စကားပြောကြားပါတယ်။ တချို့ကလည်း သမ္မတကို ကန့်ကွက်သူတွေဟာ လူမျိုးရေးအရ အဓိက ထားပြီး ကန့်ကွက်နေကြတာလို့ ဝေဖန်ပြောဆိုနေပါတယ်။ ဒီအကြောင်း ကိုသိန်းထိုက်ဦးနဲ့ ဒေါ်ခင်စိုးဝင်းတို့ ဆွေးနွေးထားပါတယ်။