သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အရေး မဟာဗျူဟာသစ်နဲ့ ချဉ်းကပ်ဖို့တိုက်တွန်း


အာဖဂန်မှာ တာလီဘန်တွေ ခေါင်းပြန်ထောင်လာတာကို ချေမှုန်းနိုင်ဖို့အတွက် မဟာဗျူဟာအသစ်နဲ့ ချဉ်းကပ်ဖို့ လိုအပ်သလို၊ နိုင်ငံတကာတပ်ဖွဲ့တွေရော အာဖဂန်တပ်ဖွဲ့တွေပါ အင်အားတိုးချဲ့ဖို့ အရေးတကြီး လိုအပ်နေကြောင်း အာဖဂန်ရှိ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့ တပ်မှူးကြီးကပြောဆိုလိုက်ပါတယ်။ ဒီလိုအပ်ချက်တွေ မဖြည့်ဆည်းနိုင်ခဲ့ရင်တော့ အရှုံးနဲ့ ရင်ဆိုင်ရဖို့ များတယ်လို့ ဆိုပါတယ်။

အခုအခြေအနေက သိပ်စိုးရိမ်ရပေမဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေကို သင့်တင့်လျောက်ပတ်တဲ့ ထောက်အပံ့တွေနဲ့ ပံ့ပိုးနိုင်ခဲ့မယ်ဆိုရင်တော့ အောင်မြင်မှုကို အမိအရ ဆုတ်ကိုင်နိုင်ဆဲပါဘဲလို့ ဗိုလ်ချုပ်ကြီး Stanley McChrystal ကပြောပါတယ်။

တပ်ဖွဲ့ဝင်ဦးရေ တိုးပြီးစေလွှတ်ရုံနဲ့တော့ အောင်မြင်ဖို့ မသေချာကြောင်း၊ လိုအပ်တဲ့ စစ်လက်နက် ကိရိယာပံ့ပိုးမှု အားနည်း နေတာကြောင့် အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေရဲ့ ကြိုးပမ်းမှုတွေဟာ ထင်သလောက် ခရီးမပေါက် ဖြစ်နေရကြောင်း၊ ဒီအခြေအနေကို တနှစ်အတွင်း ပြောင်းလဲပစ်နိုင်မှသာ တာလီဗန်တွေကို နိုင်အောင် တိုက်နိုင်မှာ ဖြစ်ကြောင်း၊ ဒါမှ မဟုတ်ရင်တော့ စွန့်စားရတာကလွဲပြီး တာလီဗန်တွေကို နိုင်အောင်တိုက်နိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ဗိုလ်ချုပ်ကြီး Stanley McChrystal ကပြောပါတယ်။

အာဖဂန်သမ္မတ Hamid Karzai ကလည်း ဗိုလ်ချုပ်ကြီး Stanley McChrystal ရဲ့တင်ပြချက်ကို ထောက်ခံပေမဲ့ အာဖဂန် လူထုကို ကျယ်ကျယ်ပြန့်ပြန့် အကာအကွယ် ပေးဖို့လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG