သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတု ဖောက်ပြန်မှုကြောင့် အနာဂတ် မျိုးဆက်အတွက် ဘေးဒုက္ခ ကြုံရနိုင်


ရာသီဥတု ပြောင်းလဲနေတာနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ကြရင် အနာဂတ် မျိုးဆက်တွေအတွက် ပြန်ပြင်လို့မရနိုင်တဲ့ ဘေးဒုက္ခကြီး ကြုံရပါလိမ့်မယ်လို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောပါတယ်။

ရာသီဥတု ပြောင်းလဲလာတာကြောင့် ကြုံရမယ့်ဘေးကို သူ့အစိုးရအဖွဲ့က နားလည်ပြီး အရေးယူဆောင်ရွက်ဖို့ ပိုင်းဖြတ်ထားပါတယ်လို့လည်း သမ္မတအိုဘားမားက ကုလသမဂ္ဂမှာ ပြောကြားခဲ့ပါတယ်။ နိုင်ငံစုံ သဘောတူညီချက် ရရှိဖို့ ခက်ခဲတယ် ဆိုတာကိုလည်း မစ္စတာအိုဘားမားက အသိအမှတ် ပြုခဲ့ပါတယ်။ ဒါပေမဲ့ ခက်ခဲတာက ဘာမှမလုပ်ဖို့ ဆင်ခြေမဖြစ်သင့်ဘူးလို့ သူက ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ထိပ်သီးအစည်းအဝေးကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဖွင့်ပွဲနေ့ မိန့်ခွန်းပြောကြားရာမှာ ဘာမှမလုပ်ဘဲ နေတာဟာ လူ့ကျင့်ဝတ်ပိုင်းအရ ခွင့်မလွှတ်နိုင်တဲ့လုပ်ရပ် ဖြစ်ပါတယ်လို့လည်း မစ္စတာဘန်ကီမွန်းက ပြောခဲ့ပါသေးတယ်။

နိုင်ငံတကာနဲ့ သံတမန်ဆက်ဆံရေး လုပ်ငန်းစဉ်ထဲမှာ ရာသီဥတုကိစ္စကို ထိပ်ပိုင်းဦးစားပေးအဖြစ် အမေရိကန်က ထားရှိပါတယ်လို့ သမ္မတအိုဘားမားက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG