သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံကို ပိတ်ဆို့မှု ထိရောက်မှုရှိမရှိ အထက်လွှတ်တော် ကြားနာမည်


မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှု အပါအဝင် အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် အကျိုးသက်ရောက်မှု ဘယ်လိုရှိနိုင်တယ် ဆိုတာတွေကို စုံစမ်းစစ်ဆေးမယ့် ကြားနာပွဲတရပ်ကို မကြာခင်ကမှ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) က ဦးဆောင်ပြီး ကျင်းပမယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အထက်လွှတ်တော်အမတ် နိုင်ငံခြားဆက်ဆံရေး ကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဌာနခွဲ အကြီးအကဲ ဗာဂျီးနီးယားပြည်နယ် ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်က ကြားနာပွဲကို အောက်တိုဘာလ ၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက် ပြောင်းလဲမှုတွေအတွက် မြန်မာ့သမိုင်း တလျှောက်မှာ တိုင်းရင်းသားတွေနဲ့ ပဋိပက္ခ ဖြစ်မှုတွေက ဘယ်လိုရိုက်ခတ်နေခဲ့တယ် ဆိုတာတွေကိုပါ ဦးစားပေးပြီး ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။

အမတ် ဂျင်မ် ဝက်ဘ်က မြန်မာနိုင်ငံအပေါ် အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) အဖွဲ့က စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူတဦးဖြစ်ပြီး ပြီးခဲ့တဲ့လက သူ့ရဲ့ အရှေ့တောင်အာရှ ၅ နိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံကိုပါ သွားရောက်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီခရီးစဉ်ဟာ မြန်မာစစ်အာဏာပိုင်တွေကို အသိအမှတ်ပြုရာ ရောက်စေတဲ့ ခရီးစဉ်တခု ဖြစ်နေတယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ဝေဖန်ကြပါတယ်။

ဒီခရီးစဉ်မှာ မစ္စတာဝက်ဘ်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ရော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ရှေ့နှစ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုဖို့အတွက် မြန်မာစစ်ကောင်စီ ခေါင်းဆောင်ကို တောင်းဆိုခဲ့သူ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG