သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံကို ပိတ်ဆို့မှု မရုပ်သိမ်းပေမဲ့ စစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံမည်


နိုင်ငံခြားရေးဝန်ကြီး ဟီလရီ ကလင်တန်က မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ မူဝါဒ ပြန်လည်သုံးသပ်နေတယ်ဆိုတာ စစ်အစိုးရ ခေါင်းဆောင်တွေ နားလည်ဖို့ လိုတယ်လို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလရီ ကလင်တန်က အမေရိကန် ပြည်ထောင်စုကနေ မြန်မာ့အရေး မူဝါဒတွေကို ပြန်လည်သုံးသပ်နေတဲ့ အကြောင်း ကုလသမဂ္ဂဌာနချုပ်မှာ အခုလို ပြောသွားပါတယ်။

"မြန်မာ့ အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု အနေနဲ့ တဘက်က စစ်အစိုးရနဲ့ တိုက်ရိုက် ဆက်ဆံသွားမှာ ဖြစ်သလို တဘက်ကလည်း တားဆီးပိတ်ဆို့မှုနဲ့ ဆက်ပြီးအရေးယူသွားမှာ ဖြစ်ပါတယ်။ သိတဲ့အတိုင်းပါပဲ။ အခု ကျွန်မတို့ နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာခေါင်းဆောင်ရော ဒီကိုလာဖို့ ပြင်ဆင်နေတဲ့ မြန်မာ စစ်အစိုးရ ဝန်ကြီးချုပ်အနေနဲ့ပါ ကျွန်မတို့က မြန်မာနိုင်ငံအပေါ်မှာ ထားရှိတဲ့ မူဝါဒကို ပြန်ပြီး သုံးသပ်နေတဲ့ကာလ ဖြစ်တယ်ဆိုတာကို အသေအချာ သဘောပေါက်ဖို့လိုပါတယ်။"

ကုလသမဂ္ဂ အတွင်းရေမှူးချုပ် ဘန်ကီမွန်း ကမကထ ပြုလုပ်ခဲ့တဲ့ မြန်မာ့ မိတ်ဆွေများနိုင်ငံများ အစည်းအဝေးမှာ အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မူဝါဒတွေကို ဟီလရီ ကလင်တန်ကနေ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG