သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်ကြောင့် လူ့အသိုင်းအဝိုင်းတခုလုံးပါ ထိခိုက်


စက်တင်ဘာ ၂၃၊ ၂၀၀၉။ သတင်းမီဒီယာတွေ ပညာပေးအစီအစဉ်တွေကြောင့် ဆေးလိပ်သောက်တာဟာ မိမိကိုယ်တိုင်ကိုရော ဘေးမှာ အတူနေသူတွေအတွက်ပါ ကျန်းမာရေးထိခိုက်စေတယ်ဆိုတာကိုတော့ လူအတော်များများ နားလည်သဘောပေါက် လက်ခံလာနေကြပါပြီ။ ဒါပေမယ့် ဆေးလိပ်ကြောင့် ကျန်းမာရေးအပြင် လူမှုရေး စီးပွားရေးနဲ့ လူ့အသိုင်းအဝိုင်းတခုလုံးကိုပါ ထိခိုက်စေတယ်ဆိုတာ သတိရှိသူ နည်းပါသေးတယ်။

ဆေးလိပ်သောက်သုံးသူရှိတဲ့ မိသားစုတစုဟာ ဆေးလိပ်ကြောင့် မိသားစု စီးပွားရေးကို ထိခိုက်စေပါတယ်။ ဆင်းရဲတဲ့တိုင်းပြည်အတော်များများမှာ ဆေးလိပ်သောက်သူကြောင့် မိသားစုဝင်ငွေ ထိခိုက်မှုတွေရှိနေပါတယ်။ လေ့လာချက်တခုအရဆိုရင် မိသားစုအတွင်း ဆေးလိပ်သောက်သူတဦးရှိနေတယ်ဆိုရင်ပဲ အဲဒီမိသားစုရဲ့ ဝင်ငွေ ၁၀ ရာခိုင်နှုန်းဟာ ဆေးလိပ်အတွက် ကုန်ကျပါတယ်။ ဒါကြောင့် မိသားစုရဲ့ အခြား စားစရိတ် အိမ်လခ ကျန်းမာရေး ပညာရေး အသုံးစရိတ်တွေ ထိခိုက်သွားစေပါတယ်။ အဲဒီမိသားစုမှာ ကလေးငယ်ရှိတယ်ဆိုရင် ကလေးငယ်အတွက် အဟာရပြည့်တဲ့အစားအစာရဖို့ အသုံးစရိတ်နည်းသွားတာကြောင့် ကလေးရဲ့ဖွံဖြိုးမှုကို ထိခိုက်တာ လေ့လာတွေ့ရှိရပါတယ်။

ဆေးလိပ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဆေးလိပ်ကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဂယက်တွေ ဆိုးကျိုးသက်ရောက်မှုတွေကို အမေရိကန်ကင်ဆာအစည်းအရုံးက ပြုလုပ်တဲ့ Tobacco Atlas ဆိုတဲ့ အင်တာနက်စာမျက်နှာမှာ တွေ့ရပါမယ်။ အဲဒီ အင်တာနက်စာမျက်နှာမှာ မြန်မာနိုင်ငံမှာတော့ ဆေးလိပ်ဆေးရွက်ကြီး သုံးစွဲသူ ၄၃.၆ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။ အိမ်နီးချင်း အာရှနိုင်ငံတွေကြားမှာတော့ တရုတ်နိုင်ငံနဲ့လာအိုးနိုင်ငံပြီးရင် မြန်မာနိုင်ငံဟာ သုံးစွဲမှုအမြင့်ဆုံးလို့ အဲဒီစာရင်းအရ ပြောနိုင်ပါတယ်။

ဒီအပတ်ကျန်းမာရေးအစီအစဉ်မှာတော့ အဲဒီကိန်းဂဏန်းတွေ လေ့လာချက်တွေအရ ဆေးလိပ်ဟာ ကျန်းမာရေးတခုတည်းသာမဟုတ်ပဲ လူမှုရေး စီးပွားရေးနဲ့ အခြားလူ့အသိုင်းအဝိုင်းတခုလုံးနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတယ်ဆိုတာကို စုစည်းတင်ပြထားပါတယ်။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG