အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ သဘောထား ပြန်လည် သုံးသပ်နေချိန်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ဖို့ ရောက်ရှိနေတဲ့၊ ရောက်ရှိလာမယ့် စစ်အစိုးရ အရာရှိတွေရဲ့ လှုပ်ရှားမှုတွေဟာလည်း စောင့်ကြည်စရာတွေ ဖြစ်လာ နေပါတယ်။ အမေရိကန်အစိုးရရဲ့ မူဝါဒသစ်ဟာ ပိုပြင်းထန်လာမလား၊ ပျော့ပြောင်းသွားမလား၊ မြန်မာနိုင်ငံအတွက် ဘယ်အတိုင်း အတာထိ အကျိုးရှိစေနိုင်မလဲ ဆိုတာတွေကို နွေးဆွေးဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း၊ ဘလော့ခ်တွေပေါ်မှာ မြန်မာအရေးတွေကို ရေးသားနေတဲ့ တက်ကြွ လှုပ်ရှားသူ ဒေါက်တာလွမ်းဆွေတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။