သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း ဖိနပ်နဲ့ ပေါက်ခံရ


မြန်မာဝန်ကြီးချူပ် ဗိုလ်ချူပ်ကြီးသိန်းစိန် ကုလသမဂ္ဂအထွေထွေညီလာခံမှာ လာပြီး မိန့်ခွန်းပြောတဲ့အချိန်မှာ နယူးရော့ခ် (New York) မြို့မှာရှိနေကြတဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကလည်း ကုလသမဂ္ဂရုံး အပြင်ဖက်မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ တည်းခိုတဲ့ နယူးရော့ခ်မြို ့39 လမ်းမှာရှိတဲ့ East Gate ဟိုတယ် ရှေ့မှာလဲ ၂၈ ရက်နေ့မနက်က ဆန္ဒပြခဲ့ကြရာမှာ စိတ်မထိန်းနိုင်တဲ့ ဆန္ဒပြသူတချို့က နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ ပါသွားတဲ့ကားကို ဖိနပ်၊ ကော်ဖီခွက်တွေနဲ့ ပြစ်ပေါက်တာတွေ လုပ်ခဲ့ကြပါတယ်၊ အဲဒီအခြေအနေတွေ အားလုံးကို သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေ (မြန်မာ) ဝိုင်းတော်သူ မစုမြတ်မွန်က အပြည့်အစုံကို ပြောပြပါလိမ့်မယ်။

Burmese Version

English Version by Kaye Lin (VOA Burmese Service)

ဆက်စပ်သတင်းများ ...

XS
SM
MD
LG