လက်နက်စွဲကိုင်မှု ပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆုံးဖြတ်ချက် တရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကန့်ကွက်သူမရှိ ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပါတယ်။ အလားတူပဲ အမျိုးသမီးတွေ အပေါ်မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွက် အမေရိကန် နိုင်ငံခြားရေး မူဝါဒတွေထဲမှာလည်း ဦးစားပေးချက် တရပ်လို့ ဆိုပါတယ်။ အကြောင်းစုံကိုတော့ ဒီတပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။