မြန်မာနိုင်ငံမှာ ငွေအနုတ်ရှားပါးလို့  အရောင်းအဝယ်လုပ်ကြတဲ့အခါ ဈေးသည်တွေက ငွေပြန်အမ်းဖို့ အခက်တွေ့နေကြချိန်မှာ ငါးထောင်ကျပ်တန် ငွေစက္ကူသစ်တွေကို အစိုးရက ထုတ်ဝေလိုက်ပါတယ်၊ အခုလို တန်ဖိုးကြီး ငါးထောင်တန်ငွေစက္ကူကို ထုတ်ဝေမယ်လို့  ကြေငြာခဲ့တဲ့အချိန်ကစလို့ အရောင်းအဝယ်တွေကျပြီး မြန်မာနိုင်ငံတွင်းမှာ နောက်ထပ် ငွေကြေး ဖောင်းပွမှုနှုန်း မြင့်လာမှာကို စိုးရိမ်မှုတွေက ပိုများလာပါတယ်၊ ဒီအကြောင်းကို မစုမြတ်မွန်က ရှင်းပြပါလိမ့်မယ်။