သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ရှိ WFP ရုံး အသေခံ ဗုံးခွဲမှုကြောင့် ဝန်ထမ်း ၅ ဦး သေဆုံး


ပါကစ္စတန်နိုင်ငံ အစ္စလမ်မာဘတ်မြို့မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အဆောက်အအုံကို အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့လို့ ဝန်ထမ်း ၅ ယောက်ထက်မနည်း သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အသေခံ ဗုံးခွဲသမားက လုံခြုံရေးအစောင့် ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ၈ ပေါင်ခန့် အလေးချိန်ရှိတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို WFP အဆောက်အအုံရဲ့ အဝင်ခန်းမမှာ ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ WFP ဝန်ထမ်းတွေထဲမှာ ပါကစ္စတန်နိုင်ငံသား ၄ ဦးနဲ့အတူ အီရတ်နိုင်ငံသား ၁ ဦးလည်း ပါဝင်တယ်လို့ WFP တာဝန်ခံတွေက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက ဒီ အသေခံ ဗုံးခွဲတိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ဆင်းရဲသားတွေနဲ့ ငတ်မွတ်နေသူတွေကို စားနပ်ရိက္ခာတွေနဲ့ အကူအညီ ပေးနေတာကို အကြမ်းဖက် တိုက်ခိုက်တာဟာ အဓိပ္ပာယ် လုံးဝမရှိတဲ့ လုပ်ရပ်နဲ့ လူ့ယဉ်ကျေးမှုကို တိုက်ခိုက်တဲ့လုပ်ရပ် ဖြစ်တဲ့အကြောင်း၊ ဒါဟာ အကြမ်းဖက်သမားတွေရဲ့ သရုပ်မှန် သဘာဝကို ထုတ်ဖော် ပြသလိုက်တာပဲလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီရန် ကယ်လီ (Ian Kelly) က ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း ဒီတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး အစ္စလမ်မာဘတ်နဲ့ ရာဝါပင်ဒီမြို့တွေမှာရှိတဲ့ ကုလသမဂ္ဂ ရုံးခွဲတွေ အားလုံးကို နောက်ထပ် မကြေညာမခြင်း ပိတ်ထားမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ လုပ်စရာရှိတဲ့ တာဝန်တွေကိုတော့ ဆက်ပြီး ထမ်းဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG