သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဝမ်ဒါ မျိုးဖြုတ်သတ်ဖြတ်မှုမှာ တာဝန်ရှိသူတဦးကို ဖမ်းဆီးရမိ


၁၉၉၄ ခုနှစ်မှာ ရဝမ်ဒါက လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ ယူဆလို့ အလိုအရှိဆုံး ဖြစ်နေတဲ့ တရားခံတဦးကို ယူဂန်ဒါနိုင်ငံမှာ ဖမ်းဆီးမိသွားပါတယ်။

ကမ်ဘာလာမြို့တော် အပြင်ဘက်က ဟိုတယ်တခုမှာ အိုင်ဒယ်လ်ဖွန့်စ် နီဇီယီမာနာ (Idelphonse Nizeyimana) ကို တနင်္လာနေ့ကပဲ ဖမ်းဆီးမိခဲ့တယ်လို့ ယူဂန်ဒါရဲက ပြောပါတယ်။ သူ့ကို လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ တန်ဇန်းနီးယားနိုင်ငံမှာရှိတဲ့ ရဝမ်ဒါနိုင်ငံအတွက် နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးကို တင်မယ်လို့ ရဲအရာရှိတွေက ပြောပါတယ်။

စစ်တပ်အရာရှိတဦးလည်းဖြစ်၊ ထောက်လှမ်းရေး အရာရှိလည်း ဖြစ်ခဲ့တဲ့ မစ္စတာ နီဇီယီမာနာဟာ ရဝမ်ဒါနိုင်ငံ ဘူတား (Butare) ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကူညီစီစဉ်ပေးတယ်လို့ အစိုးရ ရှေ့နေတွေက စွပ်စွဲပါတယ်။

သဘောထားပျော့ပြောင်းတဲ့ တွတ်ဆီနဲ့ ဟူတူတိုင်းရင်းသားတွေကို သူ့လက်အောက်က စစ်သားတွေက သတ်ဖြတ်ခဲ့ကြတယ်လို့ ၂၀၀၀ ခုနှစ် စွဲဆိုချက်ထဲမှာ ပြောထားတာပါ။ သူဟာ ရဝမ်ဒါရဲ့ ဟန်ပြဘုရင်မနဲ့ တွတ်ဆီပညာတတ်တွေကို သတ်ပစ်ဖို့အတွက် အထူးတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းပေးခဲ့တယ်လို့ ဆိုထားပါတယ်။

ဒီလူကို ဖမ်းမိဖို့အတွက် သတင်းပေးသူကို အမေရိကန်ဒေါ်လာ ၅,၀၀၀,၀၀၀ ပေးမယ်လို့ အမေရိကန် အစိုးရက ဆုကြေးထုတ်ထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG