သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုန်းတော်ကြီး ဒလိုင်း လားမားကို အမေရိကန် လူ့အခွင့်အရေးဆု ချီးမြှင့်


တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်း လားမား (Dalai Lama) အား ကမ္ဘာတဝန်း လူ့အခွင့်အရေး ဆောင်ရွက်မှုကြောင့် ဝါရှင်တန်မြို့မှာ ဆုချီးမြှင့်လိုက်ပါတယ်။

အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ (Nancy Pelosi) က ဘုန်းတော်ကြီး ဒလိုင်း လားမားအား လန်းတို့စ် (Lantos) ဖောင်ဒေးရှင်းက လူ့အခွင့်အရေးနဲ့ တရားမျှတရေးဆိုင်ရာ ပထမဦးဆုံးသော လန်းတို့စ် လူ့အခွင့်အရေးဆုကို အင်္ဂါနေ့မှာ ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ပြည်ပရောက် တိဘက် ဘာသာရေးခေါင်းဆောင် ဒလိုင်း လားမားဟာ လူ့အခွင့်အရေးအတွက် သတ္တိရှိစွာ မေတ္တာရှေ့ထားပြီး ကျိုးနွံစွာ တိုက်ပွဲဝင်နေသူ ဖြစ်တယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ပြောဆိုသွားပါတယ်။

သူ့ကိုယ်ထက်မက ကြီးမားတဲ့ကိစ္စကို လုပ်ဆောင်နိုင်စွမ်းရှိသူအဖြစ် နမူနာ ပြသသူတဦးဖြစ်တယ်လို့ အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း (John McCain) ကလည်း ပြောဆိုပါတယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကွန်ဂရက်စ်လွှတ်တော်မှာ ၁၉၈၇ ခုနှစ်က ဒလိုင်း လားမား ပြောဆိုခွင့်ရရှိရေး အဓိကအခန်းက ဆောင်ရွက်ပေးခဲ့သူ ကွယ်လွန်သူ အောက်လွှတ်တော်အမတ် တွမ် လန်းတို့စ်အား ဂုဏ်ပြုတဲ့ဆု ဒလိုင်း လားမားအား ချီးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG