ရန်ကုန်မြို့ ပေါ်ရှိ ကေတီဗီဆိုင်တွေ၊ အနှိပ်ခန်းတွေကို စစ်အစိုးရအာဏာပိုင်တွေက ဝင်ရောက်ရှာဖွေတာတွေ၊ ဖမ်းဆီးစစ်ဆေးတာတွေ လုပ်နေပြီး ဆိုင်တွေကိုလည်း ပိတ်ခိုင်းနေပါတယ်။ ဒီဖြစ်ရပ်တွေဟာ ရန်ကုန်တိုင်း ရဲမှုးကြီးဝင်းနိုင် ဖမ်းဆီးခံရတဲ့ အကြောင်းနဲ့လည်း ဆက်စပ်မှုတွေ ရှိနေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ဒါပေမဲ့လည်း ဒီလုပ်ငန်းတွေက ရဲ နဲ့ စရဖ များ အတွက် ပုံမှန် ဆက်ကြေးသဘော ဝင်ငွေတွေရနေတာကြောင့် ယာယီ စီမံချက်မျိုးပဲဖြစ်မယ်လို့လည်း ရန်ကုန်ဒေသခံတွေက သုံးသပ်နေကြပါတယ်။ အသေးစိတ်ကို ဗွီအိုအေဝိုင်းတော်သူ နော်ရှိုး က တင်ပြပေးထားပါတယ်။