သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်က အိန္ဒိယသံရုံးနားမှာ အသေခံဗုံးခွဲ


အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်က အိန္ဒိယသံရုံးနားမှာ အသေခံ ကားဗုံးခွဲမှု ဖြစ်ပွားခဲ့လို့ ၁၂ ဦးမက သေဆုံးပြီး ၈၀ ကျော် ဒဏ်ရာရသွားပါတယ်။ ဗုံးပေါက်ကွဲလို့ ပြည်ထဲရေးဝန်ကြီးနဲ့ အိန္ဒိယသံရုံးအကြား လမ်းပေါ်မှာရှိတဲ့ ရဲအရာရှိတဦးနဲ့ အရပ်သား ၁၁ ဦး သေဆုံးသွားတယ်လို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

ဗုံးဒဏ်ကြောင့် ဈေးဆိုင်တွေရဲ့ ပြတင်းမှန်တွေ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေခဲ့ရပြီး လမ်းပေါ်မှာလည်း အပျက်အစီးတွေ ပြန့်ကျဲလို့ လေထုထဲမှာလည်း မီးခိုးလုံးတွေ ပြည့်သွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒီလိုတိုက်ခိုက်မှုတွေအတွက် တာလီဘန် စစ်သွေးကြွတွေက တာဝန်ယူ ပြောကြားသွားပါတယ်။

ဗုံးခွဲတိုက်ခိုက်ရေးသမားက အိန္ဒိယသံရုံး အပြင်ခြံဝင်းအထိ ကားမောင်းလာခဲ့တာမို့ ဒီတိုက်ခိုက်မှုက သူ့သံရုံးကို ပစ်မှတ်ထား လုပ်ဆောင်တာ သေချာပါတယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး နီရူပါမာ ရာအို (Nirupama Rao) က ပြောပါတယ်။

ဗုံးကြောင့် လွင့်ကွဲထွက်လာတဲ့ အစအနတွေက သံရုံးစောင့် ပြည်သူ့စစ် ၃ ဦးကို ထိမှန်ခဲ့ပေမဲ့ သေဆုံးမှုတော့ မရှိခဲ့ဘူးလို့လည်း သူကပဲ ဆိုပါတယ်။

မနှစ်ကလည်း ကဘူးမြို့တော်က အိန္ဒိယသံရုံးမှာ အလားတူ တိုက်ခိုက်ခံခဲ့ရပြီး လူ ၆၀ သေဆုံးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG