သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအိုဘားမား အာရှခရီးစဉ် မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဖို့ မရှိ


နောက်လ စင်ကာပူနိုင်ငံမှာ ကျင်းပမယ့် APEC အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ထိပ်သီး အစည်းအဝေးကို အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) တက်ရောက်တဲ့အခါ မြန်မာ စစ်ခေါင်းဆောင် တွေနဲ့ တွေ့ဖို့ အစီအစဉ် မရှိဘူးလို့ သမ္မတအိမ်ဖြူတော်က ပြောလိုက်ပါတယ်။

မနေ့က သတင်းထောက်တွေက မေးတဲ့အခါ အိမ်ဖြူတော် ပြောခွင့်ရသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က နိုဝင်ဘာလ ၁၃ ရက်ကနေ ၁၅ ရက်အထိ စင်ကာပူမှာ ကျင်းပမယ့် APEC ထိပ်သီး အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့လည်း မထင်ဘူးလို့ ပြောခဲ့တာပါ။

သမ္မတအိုဘားမားရဲ့ နောက်လ အာရှခရီးစဉ်မှာ ဂျပန်၊ စင်ကာပူ၊ တရုတ်နဲ့ တောင်ကိုရီးယား နိုင်ငံတို့ကို သွားမှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့တုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG