သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေပိုင်နက် အငြင်းပွားမှု ကုလ ကြားဝင်ဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ် တောင်းဆို


ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား မပြီးပြတ်နိုင်သေးတဲ့ ပင်လယ်နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှု ပြဿနာ တွေနဲ့ ပတ်သက်ပြီး ကြားဝင်ဖျန်ဖြေ ဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ကုလသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အခုလို ကုလသမဂ္ဂကို အကူအညီ တောင်းလိုက်ရတဲ့ အကြောင်းရင်းက ဒီပြဿနာကို ဘယ်သူ ကမှ မဖြေရှင်းနိုင်တာ နှစ်ပါင်း ၃၅ နှစ်ကျော် ကြာလာတာကြောင့် ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒီပူ မိုနီ (Dipu Moni) က မနေ့က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အခုလို လုပ်ဆောင်ရတာဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ထွက်တယ်လို့ သတ်မှတ်ခြင်း ခံထားရတဲ့ ဘင်္ဂလားပင်လယ်အော် ဒေသမှာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ပိုင်ဆိုင်မှုနဲ့ အချုပ်အခြာ အာဏာကို ထိန်းသိမ်းနိုင်ဖို့အတွက် ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ပြောခဲ့တာကို ဘင်္ဂလားဒေ့ရှ် အစိုးရက မနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ကိုးကား ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် အစိုးရက အမေရိကန်ပိုင် Conoco Phillips နဲ့ အိုင်ယာလန်ပိုင် Tallow Oil ရေနံကုမ္ပဏီတွေ အနေနဲ့ ဘင်္ဂလား ပင်လယ်အော်က ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို လာရောက်လုပ်ကိုင်စေလိုတာ ဖြစ်ပေမဲ့ မြန်မာနဲ့ အိန္ဒိယ အစိုးရ တို့က တော့ အဲဒီဒေသတွေဟာ သူတို့ပိုင်တယ်ဆိုပြီး စောဒကတက်နေကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG