ကမ္ဘောဒီးယားနိုင်ငံ မဲခေါင်မြစ်ထဲမှာ စနေနေ့က ကူးတို့ သင်္ဘောတစင်း နစ်မြုပ်ခဲ့လို့ လူ၁၇ယောက် သေဆုံးသွားပါတယ်။
လူ ၃၀ ကျော် တင်ဆောင်လာတဲ့ ကူးတို့သင်္ဘောဟာ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ကရာစီ ပြည်နယ်က ဗုဒ္ဓဘာသာ ဘုရားပွဲတော်တခုကိုအလာ လမ်းမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ ခရီးသည် ၁၃ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး ကန်ဖုန်အမ် က ပြောပါတယ်။
သင်္ဘောဟာ လူမနိုင်အောင် တင်လာလို့ အခုလိုမျိုး နစ်မြုပ်ခဲ့တာလို့ သူက ဆိုပါတယ်။ သေဆုံးသူတွေရဲ့ အလောင်းတွေကို လည်း ပြန်ပြီးတော့ ဆယ်ယူရရှိခဲ့ပြီ ဖြစ်ပါတယ်။