သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်နျူကလီးယားလုံခြုံရေး အမေရိကန်ယုံကြည်စိတ်ချ


ပါကစ္စတန်နိုင်ငံ ရဝယ်ပင်ဒီမြို့က လုံခြုံရေး ထူထူထပ်ထပ် ချထားတဲ့ စစ်ဌာနချုပ်မှာ စစ်သွေးကြွတွေနဲ့ သွေးထွက်သံယို တိုက်ပွဲတွေ အတွင်း ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ကယ်တင်နိုင်ခဲ့တဲ့နောက်၊ အမေရိကန်နဲ့ ဗြိတိန်အစိုးရ တာဝန်ရှိသူတွေက ပါကစ္စတန် အစိုးရအပေါ် ယုံကြည်ကိုးစားမှု ရှိတဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

ပါကစ္စတန်မှာ စစ်သွေးကြွတွေက အစိုးရအပေါ် ခြိမ်းခြောက်မှုတွေ ကြီးထွားလာနေပေမဲ့လည်း၊ စစ်သွေးကြွတွေက ထိန်းချုပ်သွားနိုင်မယ့် အခြေအနေမျိုး မရှိသလို၊ နိုင်ငံမှာရှိတဲ့ နျူကလီးယား လက်နက်တွေဟာလည်း ဘေးကင်းလုံခြုံမှု ရှိနေတယ်လို့ ယုံကြည်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် က ပြောဆိုလိုက်တာပါ။

ပါကစ္စတန်နိုင်ငံက နျူကလီးယား စက်ရုံတွေကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ် ရှိတယ်ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရတဲ့အကြောင်း ဝန်ကြီးကလင်တန် က ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် မီလီဘန်း နဲ့ အတူ လန်ဒန်မြို့မှာ ရှိနေတုန်း သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

ပါကစ္စတန် အသေခံတပ်ဖွဲ့တွေကတော့ စစ်ဌာနချုပ်ထဲက ရုံးခန်းတခုကို မနေ့တုန်းက ဝင်ရောက်စီးနင်းခဲ့ပြီး စစ်သွေးကြွတွေ ဖမ်းထားတဲ့ ဓားစာခံ ၃၉ ယောက်ကို ကယ်တင်ခဲ့တာပါ။ ဓားစာခံတွေကို ကယ်တင်ဖို့ ကြိုးပမ်းတဲ့ စီးနင်း တိုက်ခိုက်မှု အတွင်း စစ်သွေးကြွ ၄ ဦး သေဆုံးပြီး၊ ၁ ဦးကိုတော့ လက်ရဖမ်းဆီးရမိခဲ့ပါတယ်။ ဓားစာခံ ၃ ဦး နဲ့ စစ်သား ၂ ဦးဟာလည်း တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့တယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG