သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ပညာရှင် ၂ ဦး စီးပွားရေး နိုဘယ်လ်ဆု ချီးမြှင့်ခံရ


စီးပွားရေး ဘာသာရပ်ဆိုင်ရာ နိုဘယ်လ်ဆုအဖြစ် အမေရိကန်နိုင်ငံက စီးပွားရေး ပညာရှင်တွေ ဖြစ်ကြတဲ့ အယ်လီနော် အော့စ်ထရွမ် (Elinor Ostrom) နဲ့ အိုလီဗာ ၀ီလီယံစန် (Oliver Williamson) တို့ကို ချီးမြှင့်လိုက်ပါတယ်။ ရာသီဥတု အပြောင်းအလဲ၊ ကမ္ဘာ့စီးပွား အကျတွေမှာ အထောက်အကူ ဖြစ်နိုင်အောင် သူတို့ရဲ့ တွေ့ရှိချက်တွေက ကူညီခဲ့တယ်လို့ ပြောပါတယ်။

သဘာဝ အရင်းအမြစ်တွေကို ထိထိရောက်ရောက်နဲ့ မပျက်မစီး အသုံးပြုနိုင်အောင် အားပေးတဲ့ ဒါမှမဟုတ် အကာအကွယ်ပေးမယ့် နိုင်ငံရေး၊ စီးပွားရေးနဲ့ ဥပဒေကြောင်းအရ ဥပဒေသတွေကို ပါမောက္ခ အော့စ်ထရွမ်က ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ သူက အင်ဒီးယားနား တက္ကသိုလ်က ဖြစ်ပါတယ်။

ပါမောက္ခ ၀ီလီယံစန်ကတော့ University of California at Berkeley က ဖြစ်ပါတယ်။ အဖွဲ့အစည်းရေးရာနဲ့ ပတ်သက်တဲ့ စီးပွားရေး ပညာရပ်ကို ကနဦး စတင်ဖော်ထုတ်ခဲ့တဲ့ ပါမောက္ခ ဖြစ်ပါတယ်။

အဖွဲ့အစည်းတွေကို ဘယ်လို ဖန်တီးကြတယ်၊ ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ကြတယ်၊ စီးပွားရေး ကြီးထွားမှုအပေါ် အဖွဲ့အစည်းတွေက ဘယ်လိုသက်ရောက်တယ် စတဲ့ အကြောင်းတွေကို သူက လေ့လာခဲ့ပါတယ်။ သူ့အလုပ်က ကော်ပိုရေးရှင်းကြီးတွေနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးအပေါ် သက်ရောက်မှု ရှိပါလိမ့်မယ်။ ကော်ပိုရေးရှင်းတွေရဲ့ အုပ်ချုပ်ရေး ပျက်လာတဲ့အတွက် စီးပွားရေး ကျဆင်းလာရပြီး ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု ရှိခဲ့တယ်လို့ စီးပွားရေး ပညာရှင် တော်တော်များများက ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG