သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်-ရုရှား နျူလက်နက် လျှော့ချရေး သိသာတဲ့ အောင်မြင်မှုတွေ ရရှိ


အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားဟာ နျူကလီးယား လက်နက်တွေ လျှော့ချပစ်ဖို့ အစီအစဉ်မှာ သိသာတဲ့ တိုးတက်မှုတွေ ရှိနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် (Sergei Lavrov) က ပြောပါတယ်။

မော်စကိုမြို့မှာ အင်္ဂါနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ တွေ့ဆုံအပြီးမှာ မစ္စတာ လက်ဗ်ရော့ဗ်က သတင်းထောက်တွေကို အခုလို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာလ အစပိုင်းမှာ သက်တမ်းကုန်ဆုံးမယ့် မဟာဗျူဟာ လက်နက်လျှော့ချရေး START သဘောတူစာချုပ်ကို အစားထိုးဖို့ ရည်ရွယ်ပြီး ဆွေးနွေးညှိနှိုင်း နေကြတယ်လို့ မစ္စကလင်တန်က ထပ်ပြောပါတယ်။

ဒီစီမံကိန်းမှာ အမေရိကန်နဲ့ လက်တွဲလုပ်ဆောင်ဖို့ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ မဆုံးဖြတ်ခင်မှာ အစီအစဉ် အသေးစိတ်ကို ပိုပြီးသိရဖို့ လိုတယ်လို့ မစ္စတာလက်ဗ်ရော့ဗ်က ဆိုပါတယ်။

မစ္စကလင်တန်ကတော့ ရုရှားသမ္မတနဲ့ ဒီနေ့တွေ့ဆုံတဲ့အခါ ဒီကိစ္စကိုပဲ ဆွေးနွေးလိမ့်မယ်လို့ ယူဆရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG