အောက်တိုဘာ ၁၄၊ ၂၀၀၉။ ကမ္ဘာအ၀ှမ်းမှာ ဆင်ခြေထောက်ရောဂါပိုး ကူးစက်ခံရ သူ သန်း၁၂၀ကျော်ရှိပြီး၊ ဒီအထဲ လူဦးရည် သန်း ၄၀ဟာ ရောဂါကြောင့် ခန္ဓာကိုယ် ပုံပျက်ပန်းပျက် မသန်မစွမ်းဖြစ်ခဲ့ရပါတယ်။ လူဦးရေ နောက်ထပ် သန်းတထောင် ဟာလည်း ရောဂါပိုး ကူးစက်နိုင်ချေ အလားအလာ ရင်ဆိုင်နေရပါတယ်။
Elephantiasis လို့ခေါ်တဲ့ အများသိကြတဲ့ ဆင်ခြေထောက်ရောဂါဆေး အသုံးအနှုန်း ကတော့ Lymphatic Filariasis ခေါ်ပါတယ်။ ဒီရောဂါပိုးဟာ ကမ္ဘာပေါ်မှာ ဆင်းရဲ မွဲတေပြီးတော့ လူထုကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့ အာဖရိကတိုက်နဲ့ အာရှတိုက်ဒေသတွေမှာ ကူးစက်ပျံ့နှံ့နေပါတယ်။ လူရဲ့ ပြန်ရေကြောစံနစ်ကို ကူးစက် ပျံ့နှံတဲ့ ဒီကပ်ပါးပိုးကြောင့်၊ ခြေလက်နဲ့ အခြာခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပုံပျက်ပန်းပျက်ဖြစ်ပြီး မသန်မစွမ်း ဖြစ်ကြရပါတယ်။
ဒီရောဂါဟာ မြန်မာနိုင်ငံအပါအ၀င် အပူပိုင်းဒေသ တိုင်းပြည် ၈၃ နိုင်ငံမှာ အထူး ကူးစက်ပျံနှံနေပါတယ်။ ဆင်ခြေထောက်ရောဂါတိုက်ဖျက်ရေး Global Alliance အဖွဲ့ကြီးအနေနဲ့ ၂၀၂၀ ခုနှစ်မှာ လုံးဝ အမြစ်ပြတ်ရေး ပစ်မှတ်ထားပြီး ပြီးခဲ့တဲ့ ၉နှစ်ကတည်းက ရည်ရွယ် ဆောင်ရွက်နေပါတယ်။ ဒီအဖွဲ့ဟာ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပြင် GlazosmithKline နဲ့ Merck လို အဓိက ဆေးကုမ္ပဏီကြီးတွေနဲ့လည်း အတူတကွ လက်တွဲ ဆောင်ရွက်နေတာပါ။
ဆင်ခြေထောက်ရောဂါ တိုက်ဖျက်ရေး နိုင်ငံတကာလှုပ်ရှားမှုတွေ အရှိန်မြှင့်ဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ လန်ဒန်မြို့ကနေ ဗွီအိုအေ သတင်းထောက် Rachel Smalley ရေးသားပေးပို့တဲ့ သတင်းကို အခုအပတ် ကျန်းမာရေး အစီအစဉ်မှာ တင်ဆက်ထားပါတယ်။