မြန်မာနိုင်ငံမှာ မီးတွင်းထဲ မိခင်သေဆုံးမှုနှုန်းဟာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကိန်းဂဏန်းတွေအရ မွေးဖွားမှု တစ်သိန်းကျဆီမှာ သေဆုံးမှုနှုန်း ၂၀၀ ကနေ ၃၀၀ အထိ ရှိနေတဲ့အတွက် စိုးရိမ်မကင်း ဖြစ်စရာအခြေအနေရောက်နေ ပါတယ်။ အဲဒါကြောင့် မိခင်လောင်းတွေအနေနဲ့ ဘယ်လိုမျိုး ဆောင်ရန်ရှောင်ရန်တွေ လုပ်သင့်သလဲဆိုတာကို ဒေါက်တာဆန်ဒီနဲ့ ဆက်သွယ်မေးမြန်းပြီး ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။