သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ထိပ်တန်းအရာရှိ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ရရှိ


အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ရပ်တန့်နေတဲ့ လက်နက်ဖျက်သိမ်းရေး စည်းဝေးပွဲ ပြန်စနိုင်ရေး ကြိုးပမ်းနေကြတဲ့ အချိန်မှာပဲ ထိပ်တန်း မြောက်ကိုရီးယားတာဝန်ခံ တဦးကို ဒီလထဲမှာ အမေရိကန်နိုင်ငံထဲကို လာရောက်ခွင့် ပြုလိုက်ပါပြီ။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန အမေရိကန်ရေးရာ ဗျူရိုရဲ့ ညွန်ကြားရေးမှူးချုပ် ရီဂန် (Ri Gun) ကို ပြည်ဝင်ခွင့် ဗီဇာ အမေရိကန် နိုင်ငံခြားရေးဌာနက ခွင့်ပြုလိုက်တာပါ။

အမေရိကန်နဲ့ နှစ်နိုင်ငံချင်း ဆွေးနွေးမှု စတင်ရေး လိုလားနေတဲ့ မြောက်ကိုရီးယားက အမေရိကန် အထူးသံတမန် စတီဖင်န် ဘော့စ်ဝေါ့သ် (Stephan Bosworth) ပြုံယမ်းကို လာလည်ဖို့လည်း ဖိတ်ကြားထားပါတယ်။ ဘယ်လို ဆွေးနွေးပွဲမျိုးပဲ ဖြစ်ဖြစ်၊ တောင်ကိုရီးယား၊ တရုတ်၊ ရုရှား နဲ့ ဂျပန်နိုင်ငံတို့ ပါဝင်စေလိုကြောင်း သမ္မတ ဘရက်အိုဘားမား က ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယား သံတမန်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း တရားဝင်ဆွေးနွေးပွဲလုပ်ဖို့ အစီအစဉ် မရှိသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG