ရေနံ သဘာဝဓာတ်ငွေ့သိုက်တွေ ရှိနေတယ်လို့ ခန့်မှန်းထားကြတဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းက ရေနယ်နမိတ်ကို သူပိုင် ကိုယ်ပိုင် အငြင်းပွားမှုတွေ ကြီးထွားလာပြီး မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၂ နိုင်ငံကြား တင်းမာမှုတွေ ဖြစ်ခဲ့ရသလို အခုနောက်ဆုံး ကုလသမဂ္ဂက ကြားဝင် ဖြေရှင်းဖို့အထိ တောင်းဆိုမှုတွေလည်း ရှိခဲ့တာပါ။ ဒါဟာဆိုရင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒိယ ၃နိုင်ငံကြား ဆယ်စုနှစ်နဲ့ချီပြီး မဖြေရှင်းနိုင်ဘဲ ဖြစ်နေရတဲ့ ပြဿနာတခုလည်း ဖြစ်ပါတယ်။ ကမ္ဘာနဲ့အဝန်း လောင်စာ လိုအပ်ချက်တွေ ကြီးထွားလာပေမဲ့၊ စွမ်းအင် အရင်းအမြစ်တွေကတော့ လျော့နည်းလာနေတဲ့ အချိန်မှာ၊ နိုင်ငံတွေအကြား ပဋိပက္ခတွေ ဖြစ်ရတဲ့အထိ ကြုံတွေ့ လာနေရတဲ့ အခြေအနေတွေကိုတော့ ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးထားပါတယ်။