မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် (Bangladesh) နိုင်ငံနယ်စပ်မှာ အခုရက်ပိုင်းများအတွင်း နှစ်ဖက်နိုင်ငံက စစ်ရေးလှုပ်ရှားမှုများ ရှိနေပါတယ်။ အခြေအနေတွေက တင်းမာမှု ရှိမနေဘူးဆိုပေမဲ့လည်း စစ်ရေးပြင်ဆင်မှုတချို့ကို တွေ့မြင်နေရပါတယ်။ ဒီအခြေအနေတွေကြောင့် နယ်စပ်ဒေသနေ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေက စိုးရိမ်ပူပန်မှုများ ရှိနေကြပါတယ်။ အကြောင်းစုံကို ဗွီအိုအေ ဝိုင်းတော်သား ကိုသားညွန့်ဦး¸ က တင်ပြထားပါတယ်။