သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် တော်လှန်ရေး အစောင့်တပ် တပ်မှူးများ အသေခံ ဗုံးခွဲတိုက်ခိုက်မှုမှာ သေဆုံး


အီရန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ အသေခံ ဗုံးခွဲမှုကြောင့် အီရန်မှာ အခွင့်ထူးရတဲ့ တော်လှန်ရေး အစောင့်တပ် ထိပ်တန်းအရာရှိတွေ အပါအဝင် လူ အနည်းဆုံး ၃၁ ယောက် သေဆုံးခဲ့တယ်လို့ အီရန်အစိုးရ သတင်းတွေက ပြောပါတယ်။

စစ္စတန် ဘလူချက်စတန် (Sistan Baluchestan) ပြည်နယ်မှာ တော်လှန်ရေး အစောင့်တပ်တွေ၊ ဆွန်နီနဲ့ ရှီရာ လူမျိုးစု ခေါင်းဆောင်တွေ စည်းဝေးနေစဉ် ဖြစ်ပွားတဲ့ ဗုံးကွဲမှုကြောင့် လူ ၂၈ ယောက်လည်း ဒဏ်ရာရသွားပါတယ်။ ဖောက်ခွဲပစ္စည်း တွေ ကိုယ်မှာဝတ်ထားတဲ့ လူတယောက် အစည်းအဝေး စားပွဲမှာ အသေခံ ဖောက်ခွဲခဲ့တာလို့ အီရန် သတင်းမီဒီယာတွေက ပြောကြပါတယ်။

သေဆုံးသွားသူတွေထဲမှာ တော်လှန်ရေးတပ် လက်ထောက်တပ်မှူးကြီးနဲ့ ပြည်နယ်တပ်မှူးချုပ် အပါအဝင် ထိပ်တန်း တပ်မှူးကြီး ၆ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဆွန်နီသောင်းကျန်းမှုအဖွဲ့ Jundallah က ဗုံးခွဲမှုဟာ သူတို့ လက်ချက် ပါလို့ ပြောတယ်ဆိုပြီး သတင်းမီဒီယာတွေမှာ ဖော်ပြနေပေမဲ့ အဲဒီအဖွဲ့ကတော့ တရားဝင် လူသိရှင်ကြား ထုတ်ပြောတာမျိုး မဟုတ်ပါဘူး။

ကမ္ဘာပေါ်မှာ ထောင်လွှားတဲ့ နိုင်ငံအဖြစ် အမေရိကန်ကို ရည်ညွှန်းပြီး ဒီတိုက်ခိုက်မှုတွေဟာ အနောက်နိုင်ငံတွေရဲ့ လက်ချက်လို့ တော်လှန်ရေး အစောင့်တပ်က စွပ်စွဲပါတယ်။ အမေရိကန်ကတော့ တိုက်ခိုက်မှုတွေကို ရှုတ်ချပြီးတော့ ဒီတိုက်ခိုက်မှုတွေနဲ့ သူတို့ မပတ်သက်ဘူးလို့ ပြောကြားခဲ့ပါတယ်။

သီးခြားသတင်းကတော့ အီရန်ရဲ့ အငြင်းပွားစရာ ဖြစ်နေတဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး အီရန်၊ ရုရှား၊ ပြင်သစ်၊ အမေရိကန်နဲ့ ကုလသမဂ္ဂ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ကိုယ်စားလှယ်တွေ တနင်္လာနေ့မှာ ဆွေးနွေးမှုတွေ ပြန်လည် စတင်ကြမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG