သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ရွေးကောက်ပွဲ ရလဒ်အချို့ ပယ်ဖျက်


အာဖဂန်နစ္စတန် သမ္မတ ရွေးကောက်ပွဲတုန်းက မဲမသမာမှုတွေအပေါ် စုံစမ်းစစ်ဆေးရာမှာ ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပေးထားတဲ့ ကော်မရှင်က မဲရုံပေါင်း ၂၁၀ က မဲတွေကို ပယ်ဖျက်ဖို့အတွက် သီးခြား လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို ညွှန်ကြားခဲ့ပါတယ်။

အဲဒီမဲရုံတွေမှာ မဲလိမ်မှုတွေရှိတယ် ဆိုတာကို လက်ခံနိုင်လောက်တဲ့၊ ရှင်းလင်းတဲ့ သက်သေ အထောက်အထားတွေ တွေ့ရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှု ကော်မရှင်က ဒီနေ့ တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အများ မျှော်လင့်စောင့်စားနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှု ကော်မရှင်ရဲ့ အစီရင်ခံစာထဲမှာ တချို့မဲရုံတွေက ရရှိတဲ့ မဲပြားအားလုံးပေါ်မှာ မဲပေးထားတဲ့ပုံစံ တညီတညွတ်တည်း ဖြစ်နေတာမျိုး၊ မဲ တရားဝင်ဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေတာမျိုးနဲ့ မဲရုံတခုမှာဆိုရင် မဲပြား ၃၀၀ ကို အပိုဆောင်း ထည့်ထားတယ်လို့ ဖော်ပြထားပါတယ်။

မဲပေးမှုပုံစံ ၆ မျိုးထဲက မဲရာခိုင်နှုန်းတချို့ကို သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်က တရားမဝင် မဲတွေအဖြစ် သတ်မှတ်ဖို့အတွက် ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှု ကော်မရှင်က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လို မဲပေးမှု ပုံစံမျိုးလဲ ဆိုတာကိုတော့ အသေးစိတ် ပြောကြားထားခြင်း မရှိပါဘူး။

သြဂုတ်လ ၂၀ မှာ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲအတွက် ပဏာမ ထွက်ပေါ်လာခဲ့တဲ့ မဲရလဒ်တွေမှာ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) က မဲ ၅၄% ရရှိပါတယ်။ သူ့ရဲ့ အဓိကပြိုင်ဘက် မစ္စတာ အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) ကတော့ မဲ ၂၈% ရရှိထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG