သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ သမ္မတရွေးကောက်ပွဲ ပြန်လုပ်မည်


အာဖဂန်နစ္စတန်နိုင်ငံမှာ သြဂုတ်လက ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲဟာ အကြီးအကျယ် မဲမသမာမှုတွေ ဖြစ်ပေါ်ခဲ့တယ်ဆိုပြီး ကုလသမဂ္ဂက ထောက်ပံ့တဲ့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ရှိခဲ့ရပြီးနောက် အခုအခါ အာဖဂန်နစ္စတန်နိုင်ငံမှာ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ အာဖဂန် ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားလိုက်တာမို့ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) ရဲ့ မဲအများစု အနိုင်ရရှိမှုလည်း ပျက်ပြယ်သွားခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ဒုတိယနေရာလိုက်တဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) လည်း ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲမှာ ၀င်ပြီး အတူယှဉ်ပြိုင်ဖို့ သမ္မတ ခါဇိုင်းက သဘောတူပြီးသွားပါပြီ။

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့က သြဂုတ်လ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး မစ္စတာခါဇိုင်းရဲ့ မဲ သုံးပုံတပုံကို ပယ်လိုက်ပြီးနောက် မစ္စတာခါဇိုင်းရဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲ ကျင်းပဖို့ မလိုလောက်အောင် အနိုင်ရထားတဲ့ မဲတွေ လျော့သွားပြီး ရွေးကောက်ပွဲ ဒုတိယအကျော့ ကျင်းပဖို့ ရွေးကောက်ပွဲ အရာရှိတွေက တောင်းဆိုသွားတာ ဖြစ်ပါတယ်။

နိုင်ငံကို ရှေ့ရောက်အောင်လို့ ဖြေရှင်း လုပ်ဆောင်နေပါတယ်ဆိုတာ သက်သေပြဖို့အတွက် အခုကိစ္စရပ်က အထူး အခွင့်အလမ်း ဖြစ်ပါတယ်လို့ မစ္စတာခါဇိုင်းက ကဘူးလ်မြို့တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားခဲ့ပါတယ်။

လူထုကလည်း ရွေးကောက်ပွဲမှာ ပြန်ပြီး မဲပေးကြဖို့ မစ္စတာခါဇိုင်းက တိုက်တွန်းသွားပြီး နိုင်ငံတကာအနေနဲ့ လူထုရဲ့ လုံခြုံရေးအတွက် အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့လည်း သူက တောင်းဆိုပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကတော့ မစ္စတာခါဇိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံရဲ့ တိုးတက်ရေးအတွက် ရှေးရှုတဲ့ အရေးကြီးတဲ့ ခြေလှမ်း ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG