သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ရွေးကောက်ပွဲ တကျော့ပြန် ကျင်းပရေး ချောမွေ့ဖို့ တိုင်ပင်


အာဖဂန်နစ္စတန်နိုင်ငံမှာ နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမယ့် ဒုတိယ တကျော့ပြန် သမ္မတ ရွေးကောက်ပွဲမှာ မဲမသမာမှုများ ကင်းရှင်းရေး ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်သံအမတ် ကားလ် အိုင်ကန်ဘယ်ရီ (Karl Eikenberry) နဲ့ ဆွေးနွေးပါတယ်။

ကြာသပတေးနေ့က ဗွီဒီယိုကွန်ဖရင့်နဲ့ သမ္မတ အိုဘားမား အဲဒီလို အာဖဂန်နစ္စတန်နိုင်ငံကို လှမ်းပြီး ဆွေးနွေးတဲ့အခါ အာဖဂန်နစ္စတန်နိုင်ငံရဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်လည်း ပါဝင်ဆွေးနွေးကြောင်း၊ အာဖဂန်နစ္စတန်သို့ အမေရိကန် တပ်ဖွဲ့များ ထပ်တိုးပို့ဖို့ သင့်မသင့် စဉ်းစားတဲ့အခါ အာဖဂန်နစ္စတန်နိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေများကိုလည်း သမ္မတ အိုဘားမားက ထည့်တွက်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ရှင်းပြပါတယ်။

သြဂုတ်လ သမ္မတ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိခဲ့တာကြောင့် လက်ရှိသမ္မတ ဟာမစ် ကာဇိုင်း (Hamid Karzai) နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း အဗ္ဗဒူလာ အဗ္ဗဒူလာ (Abdullah Abdullah) တို့ ဒုတိယအကျော့ ပြန်ပြိုင်ဖို့ ဖြစ်လာရတာပါ။

ဒီတကြိမ် ရွေးကောက်ပွဲကိုတော့ တရားဥပဒေကြောင်းအရ ညီညွတ်တယ်လို့ အာဖဂန် ပြည်သူတွေရော၊ နိုင်ငံတကာ အသိုင်းအဝန်းကပါ လက်ခံကြတာ သမ္မတ အိုဘားမားက မြင်ချင်ကြောင်းလည်း မစ္စတာဂစ်ဘ်စ်က ဆက်လက်ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG