သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-အမေရိကန် ဆက်ဆံရေး သတိထားစောင့်ကြည့်မည်


အောက်တိုဘာလ (၂၁) ရက်နေ့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြား ရေးရာကော်မတီ (House Foreign Affairs Committee) က ပြုလုပ်တဲ့  မြန်မာ့အရေးကြားနာပွဲ (US Congressional Hearing on Burma) မှာ လာရောက်မေးခွန်းထုတ်ခဲ့ကြတဲ့ အောက်လွှတ်တော်အမတ်များက ဘက်ပေါင်းစုံ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှု လုပ်ကိုင်တဲ့အပေါ် သတိနဲ့စောင့်ကြည့်နေမယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ဒီကြားနားပွဲမှာ နျူကလီးယား လက်နက်ပိုင်ဆိုင်တယ်လို့ အများသံသယရှိနေကြတဲ့ မြောက်ကိုရီးယားအစိုးရ နဲ့  မြန်မာစစ်အစိုးရကြား ဆက်ဆံရေးကိုလည်း စိုးရိမ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ မြန်မာ့အရေးကြားနာပွဲအကြောင်း ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ မစုမြတ်မွန်, က တင်ပြပေးထားပါတယ်။

Burmese Version


English Version

ဆက်စပ်သတင်းများ ...

XS
SM
MD
LG