မြန်မာစစ်အစိုးရဟာ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အမေရိကန်အစိုးရနဲ့ ညှိနှိုင်းဖို့ ကြိုးပမ်းနေပါတယ်။ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ရုံနဲ့ မြန်မာ ပြည်သူလူထုတွေရဲ့ ဘ၀ အခြေအနေ စိုပြေ တိုးတက် လာလိမ့်မယ်လို့ ထင်ပါသလားဆိုတာ ဆွေးနွေးရအောင် စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး၊ စီးပွားရေး ပညာရှင် ဦးစိန်ဌေးတို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံပေးထားပါတယ်။