သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် အကူအညီပေးရေး EU မူဝါဒ ပြန်လည်ချမှတ်မည်


အာဖဂန်နစ္စတန်နိုင်ငံမှာ အရပ်ဘက်ကဏ္ဍ အကူအညီပေးရေး မဟာဗျူဟာ တခုလုံးကို ပြန်လည်ချမှတ်မယ်လို့ ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေက ကတိကဝတ် ပြုလိုက်ကြပါတယ်။ အဲဒီနိုင်ငံမှာ အခြေအနေတွေက ယိုယွင်းနေတယ်လို့လည်း သူတို့က မြင်ကြပါတယ်။

အာဖဂန်နစ္စတန် အရပ်ဘက်ကဏ္ဍကို အကူအညီပေးမယ့် ပမာဏ တိုးမြှင့်ကြဖို့လည်း ဝန်ကြီးတွေက ကတိထားလိုက်တာ ဖြစ်ပါတယ်။ လူဇင်ဘတ်မှာ ကျင်းပနေတဲ့ အစည်းအဝေးမှာ အခုလို ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်ကို EU က တနှစ် ဒေါ်လာ သန်းပေါင်း ၁,၅၀၀ အကူအညီ ပေးနေပါတယ်။ ဒါ့ထက် ဘယ်လောက် တိုးပေးမယ် ဆိုတာကိုတော့ တာဝန်ရှိသူတွေက မပြောကြပါဘူး။

နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး အုပ်ချုပ်မှုကောင်း၍ နိုင်ငံတော် အားကောင်းအောင် ထူထောင်ရေးတွေနဲ့ ပတ်သက်ပြီး အာဖဂန်နစ္စတန်ရဲ့ တိုးတက်မှု အခြေအနေကို ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ဝေဖန်ခဲ့ကြပါတယ်။ တိုးတက်မှုက သိပ်ကို နှေးကွေးနေပြီး တချို့နယ်ပယ်တွေမှာ တိုးတက်မှု မရှိဘူးလို့ အစည်းအဝေး မှတ်တမ်းတရပ်က ဆိုပါတယ်။

နောက်တက်လာမယ့် အာဖဂန်နစ္စတန်အစိုးရ လက်ထက်မှာ ပိုပြီးကောင်းတဲ့ အုပ်ချုပ်မှုမျိုး ဖြစ်လာဖို့ EU က ကြည့်နေပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ဒုတိယအကျော့ သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ အာဖဂန်နစ္စတန်မှာ ပြင်ဆင်နေပါတယ်။ သြဂုတ်လ ရွေးကောက်ပွဲမှာတော့ တိုင်းပြည် အနှံ့အပြားမှာ မဲလိမ်တာတွေ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG