သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နစ္စတန် တောင်ပိုင်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် အမေရိကန်စစ်သား ၈ ဦး သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းမှာ အင်္ဂါနေ့က ဆက်တိုက် ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး အမေရိကန်စစ်သား ၈ ဦးနဲ့ အာဖဂန်နစ္စတန် အရပ်ဘက် အလုပ်သမားတဦး သေဆုံးခဲ့ရပါတယ်။ တပ်သားအများအပြားလည်း ဒဏ်ရာရခဲ့တယ်လို့ နေတိုးတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပေမဲ့ အတိအကျကိုတော့ မကြေညာသေးပါဘူး။

ဒီ အောက်တိုဘာလဟာ ၂၀၀၁ ခုနှစ် အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့တွေ တာလီဘန် အစိုးရကို ဖြုတ်ချခဲ့ချိန်ကစပြီး အမေရိကန်တပ်သား အသေအပျောက် အများဆုံးလ ဖြစ်နေပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က သောကြာနေ့မှာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတွေရဲ့ အခြေအနေတွေကို ပူးတွဲ စစ်ဦးစီးချုပ်ကြီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က အင်္ဂါနေ့မှာ ပြောကြားပါတယ်။

သမ္မတရဲ့ စစ်ရေးအခြေအနေ ပြန်လှန်သုံးသပ်ချက်ဟာ ပြီးဆုံးလုနီးပြီ ဖြစ်နေပြီး တချို့ကိစ္စရပ်တွေကိုတော့ စဉ်းစားဖို့ အချိန်ယူရဦးမယ်လို့ မစ္စတာဂစ်ဘ်စ်က ပြောပါတယ်။

အင်္ဂါနေ့မှာပဲ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ လူဇင်ဘတ်မြို့မှာ တွေ့ဆုံကြပြီး အာဖဂန်နစ္စတန်နိုင်ငံက ယိုယွင်းပျက်စီးနေတဲ့ အခြေအနေဟာ စိုးရိမ်စရာ အနေအထားမှာ ရှိနေပေမဲ့ အရပ်ဘက် အကူအညီတွေကို တိုးပြီး ပေးအပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG