သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ရှိ ကုလဝန်ထမ်းဧည့်ဂေဟာ တိုက်ခိုက်ခံရ၊ ၉ ဦး သေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော်က ကုလသမဂ္ဂ ဝန်ထမ်းတွေ တည်းခိုရာဧည့်ဂေဟာကို ဗုဒ္ဓဟူးနေ့က ရဲယူနီဖောင်း ဝတ်ဆင်ထားတဲ့ တာလီဘန် စစ်သွေးကြွတွေက အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် ကုလသမဂ္ဂဝန်ထမ်း နိုင်ငံခြားသား ၆ ဦးနဲ့ အာဖဂန် ၃ ဦးတို့ သေဆုံးသွားခဲ့ကြပါတယ်။

စစ်သွေးကြွ ၃ ယောက်ဟာ အဲဒီအိမ်ထဲကို သေနတ်တွေပစ်ခတ် ဝင်ရောက်လာခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေရာက သူတို့ရဲ့ကိုယ်မှာ ချည်နှောင်ထားတဲ့ ဗုံးတွေကို ခွဲပြီး အသေခံ အကြမ်းဖက် တိုက်ခိုက်သွားခဲ့တာ ဖြစ်ပါတယ်။

အခြား ကုလသမဂ္ဂဝန်ထမ်း ၉ ဦးလည်း ဒဏ်ရာတွေ ရရှိသွားခဲ့ပါတယ်။ သေဆုံးသူ အာဖဂန် ၃ ဦးအနက် ၂ ဦးဟာ လုံခြုံရေး ဝန်ထမ်းတွေဖြစ်ပြီး တဦးကတော့ အရပ်သား ဝန်ထမ်း ဖြစ်ပါတယ်။

ရှေ့လမှာ ပြုလုပ်မယ့် တကျော့ပြန် အာဖဂန်သမ္မတ ရွေးကောက်ပွဲကို နှောင့်ယှက်တဲ့ ပထမခြေလှမ်းတရပ် အနေနဲ့ အခု အသေခံ တိုက်ခိုက်မှုကို လုပ်ခဲ့တာလို့ တာလီဘန်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူက ကြေညာသွားပါတယ်။

ဒီတိုက်ခိုက်မှုအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon)၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) တို့က ပြင်းထန်စွာ ပြစ်တင်ရှုတ်ချသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG