ပါကစ္စတန်ရဲ့ ကျေးလက်ဒေသမှာ မိသားစုဂုဏ်သိက္ခာကို အဖတ်ဆယ်တဲ့ ဂလဲ့စားချေမှုကို ခံခဲ့ရသူ Mukhtar Mai ဟာ သူ့ရဲ့ အဖြစ်မှန်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဒီလူမဆန်တဲ့ ဖြစ်ရပ်မျိုး ရပ်တန်းကရပ်စေပြီး ပညာရေးကတဆင့် ဖိနှိပ်မှုကို အဆုံးသတ်ဖို့ ကြိုးစားခဲ့သူ ဖြစ်လို့လည်း ကမ္ဘာတဝှမ်းက သတင်းမီဒီယာတွေရဲ့ အာရုံစူးစိုက်မှုကို ခံခဲ့ရသူပါ။ သူဟာ အမေရိကန်ကို လာရောက်လည်ပတ်စဉ် ဗွီအိုအေ အသံလွှင့်ဌာနကိုလည်း လာရောက်ခဲ့တဲ့အတွက် Urdu စကားပြောသူ Mukhtar Mai နဲ့ စကားပြန်ကတဆင့် တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပြီး ဒီသတင်းပတ်ရဲ့ အမျိုးသမီးများကဏ္ဍမှာ ဒေါ်လှလှသန်း က တင်ပြထားပါတယ်။