သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မုန်တိုင်း ၇ယောက်သေ


စနေနေ့ အစောပိုင်းက ဖိလစ်ပိုင်နိုင်ငံကို အင်အားပြင်း တိုင်ဖွန်း မုန်တိုင်းတခု ဝင်ရောက် တိုက်ခတ်သွားခဲ့လို့ လူ ၇ယောက် ထက် မနည်း သေဆုံးခဲ့ပါတယ်။ အရင်ဝင်ခဲ့တဲ့ မုန်တိုင်းတွေကြောင့် ရေမကျသေးတဲ့ ဒေသတွေမှာလည်း နောက်ထပ် ရေကြီး မှုတွေ ဖြစ်နေပါတယ်။

မရီနယ် (Mirinae) တိုင်ဖွန်း မုန်တိုင်းအန္တရာယ် လွတ်သွားပြီလို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ဒီနေ့စနေနေ့မှာ ကြေညာပါ တယ်။ သေဆုံးပျောက်ဆုံးသူစာရင်း အတိအကျ မသိရသေးပါ။ သောကြာနေ့ သန်းခေါင်ချိန်လောက်မှာ မုန်တိုင်းဟာ နိုင်ငံအရှေ့ပိုင်း Quezon ပြည်နယ်ဘက်ကို ဝင်ရောက် တိုက်ခတ်ပါတယ်။

ဘက်စ် ကားဂိတ်တွေ၊ သင်္ဘောဆိပ်တွေမှာ ထောင်ပေါင်းများစွာသော လူတွေ သောင်တင်နေကြပြီး မနီလာမြို့တော်ကနေ လာမယ့် လေယာဉ်ခရီးစဉ်တွေကို ဖျက်ခဲ့ရပါတယ်။ ရေကြောင်းခရီးစဉ်အားလုံးကိုလည်း ကမ်းရိုးတန်းစောင့်တပ်တွေက တားထားတဲ့အတွက် ဒီရုံးပိတ်ရက်အတွင်း သေဆုံးသူ ဆွေမျိုးတွေကို ဂါရဝပြုကြတဲ့ ပွဲတော်အတွက် နေရပ်ပြန်မယ့် ခရီးသည် သောင်းနဲ့ ချီပြီးတော့လည်း ခရီးမဆက်နိုင်ဘဲ သောင်တင်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG