သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နစ္စတန်မှာ စာမျက်နှာသစ်ဖွင့်ဖို့ သမ္မတ အိုဘားမား တိုက်တွန်း


သမ္မတ အိုဘားမား (Obama) က သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) အနေနဲ့ အာဖဂန်ရဲ့ သမိုင်းမှာ ကဏ္ဍသစ် ဖွင့်လှစ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ သမ္မတ ဟာမစ် ခါဇိုင်း အနိုင်ရသွားပြီလို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပြီးတဲ့နောက် သမ္မတ အိုဘားမားက အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ အဂတိလိုက်စားမှု ပပျောက်ရေးနဲ့ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုစနစ် ထွန်းကားအောင် ဆောင်ရွက်ဖို့ကိုလည်း သမ္မတ အိုဘားမားက သမ္မတ ခါဇိုင်းကို တိုက်တွန်းလိုက်ပါတယ်။

အာဖဂန်ပြည်သူတွေအတွက် တကယ် တိုးတက်မှု ရှိမရှိ စိတ်ချရအောင် သမ္မတ ခါဇိုင်း အစိုးရနဲ့ သူ အနီးကပ် တိုင်ပင်သွားမယ်လို့လည်း သမ္မတ အိုဘားမားက တယ်လီဖုန်းဆက်ပြီး ပြောဆိုလိုက်ပါတယ်။ အာဖဂန်ပြည်သူတွေရဲ့ လုံခြုံမှုကို တာဝန်ယူဖို့အတွက် အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေကိုလည်း လေ့ကျင့်သင်တန်းတွေ တိုးပေးဖို့ကို တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ရဲ့ အာဖဂန်အရေး မဟာဗျူဟာ ပြန်သုံးသပ်နေတဲ့ အချိန်မှာ သမ္မတ ခါဇိုင်း ပြန်ပြီး အရွေးခံရတာဟာ အထောက်အကူ ဖြစ်စေတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG