သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကဆက်ပြည်နယ် စစ်စခန်းမှာ ပစ်ခတ်မှုဖြစ်၊ ၁၂ ဦးသေ


အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အလယ်ပိုင်းမှာရှိတဲ့ စစ်စခန်းတခုမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း လူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ၃၁ ယောက်အထိ ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ စစ်တပ် တာဝန်ရှိသူတွေက ပြောပါတယ်။

တက္ကဆက်ပြည်နယ် ဖို့တ် ဟုဒ် (Fort Hood) မှာရှိတဲ့ စစ်စခန်းရဲ့ တပ်ဖွဲ့တွေ အသင့်ပြင်ဆင်မှုတွေ လုပ်တဲ့နေရာမှာ ကြာသပတေးနေ့ မွန်းလွဲပိုင်းက ပစ်ခတ်မှု စတင်ခဲ့တာလို့ စစ်စခန်း တာဝန်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ဘော့ဘ် ကုန်း (Bob Cone) က ပြောပါတယ်။

သေနတ်သမားတဦးနဲ့ တိုက်ခိုက်မှုအတွက် ရောက်လာတဲ့ ရဲတပ်ဖွဲ့ဝင် တဦးလည်း သေဆုံးသူတွေထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။ နောက်ထပ် စစ်သား ၂ ဦးကိုလည်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးလိုက်ပါတယ်။ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာနဲ့အမျှ လုံခြုံရေး တာဝန်ရှိသူတွေက စခန်းကို ပိတ်ဆို့ထားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကတော့ တိုက်ခိုက်မှုဟာ ထိတ်လန့်စရာ အကြမ်းဖက်မှုအဖြစ် ပြောဆိုလိုက်ပါတယ်။ စစ်စခန်း လုံခြုံရေးအတွက် အခုအခါ ပင်တဂွန် စစ်ဌာနချုပ်၊ အမိမြေလုံခြုံရေး ဝန်ကြီးဌာနနဲ့ FBI တို့ အတူပူးတွဲ ဆောင်ရွက်နေတယ်လို့လည်း သမ္မတက ပြောပါတယ်။ တိုင်းပြည်အတွက် တာဝန်ထမ်းနေကြသူတွေ အမေရိကန်မြေပေါ်မှာ တိုက်ခိုက်ခံရတာဟာ ထိတ်လန့်စရာပါလို့ သမ္မတက ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG