ဒီနှစ်အတွက် သိပ္ပံဘာသာရပ်မှာ နိုဘယ်လ်ဆု ချီးမြှင့်ခံရသူ ၃ ဦးရှိပါတယ်။ ဒါဟာ သိပ္ပံဘာသာမှာ အမျိုးသမီး တဦးထက် ပိုပြီး နိုဘယ်လ်ဆု ချီးမြှင့်ခရတာ ပထမဆုံးအကြိမ်လို့ ဆိုရမှာပါ။ ဒီကနေ့အမေရိကန်ပြည်ထောင်စုရဲ့ သိပ္ပံကဏ္ဍမှာ အမျိုးသမီးတွေ ရဲ့အခြေအနေ ဘယ်လိုရှိပါသလဲ။ မြန်မာနိုင်ငံမှာရော အမျိုးသမီးတွေရဲ့ သိပ္ပံလေ့လာမှု အတွေ့အကြုံကရော ဘယ်လောက်ရှိသလဲ စတာတွေကို ဗွီအိုအေ ဆောင်းပါးရှင် အန်းနာ ကင်း ရဲ့ ဆောင်းပါးကို နောက်ခံထားပြီး ဒေါ်လှလှသန်း က စုစည်းတင်ပြထားပါတယ်။