သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲခေါင်ဒေသဖွံ့ဖြိုးရေး ဂျပန်နိုင်ငံ ဒေါ်လာကုဋေ ၅၅၀ ထောက်ပံ့မည်


အရှေ့တောင်အာရှ မဲခေါင်ဒေသ အတွက် နောင် ၃ နှစ်အတွင်းမှာ ဒေါ်လာ သန်းပေါင်း ၅,၅၀၀ အကူအညီ ပေးမယ်လို့ ဂျပန်နိုင်ငံ က ကတိကဝတ်ပြုလိုက်ပါတယ်။

ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ လာအို နဲ့ မြန်မာခေါင်းဆောင်တွေ နဲ့ မဲခေါင်ဒေသ ထိပ်သီး အစည်းအဝေး မှာ ဝန်ကြီးချုပ် ယူကီအို ဟာတိုယားမား (Yukio Hatoyama) က ခုလို ကြေညာလိုက်တာပါ။

မဲခေါင်ဒေသကို အကူအညီပေးရာမှာ ဂျပန် ဟာ အကြီးမားဆုံး အကူအညီပေးတဲ့ နိုင်ငံ ဖြစ်ပါတယ်။ မဲခေါင်ဒေသ ဟာ မိုင်ပေါင်း ၂,၈၀၀ ကျော် ရှည်လျားပြီး၊ စစ်ဒဏ် နဲ့ ပြည်တွင်းရေး မငြိမ်သက်မှု ဒဏ်တွေကို နှစ်ပေါင်းများစွာ ခံစားခဲ့ရတဲ့ဒေသ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ ကလည်း ဒီဒေသမှာ ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်ခဲ့တဲ့ အထဲမှာ လာအို နဲ့ မြန်မာနိုင်ငံမှာ မြှုပ်နှံခဲ့တဲ့ မိုင်း နဲ့ ရာဘာစိုက်ခင်းတွေ လည်း ပါဝင်ပါတယ်။ တရုတ်နိုင်ငံ ရဲ့ သြဇာက ဒီဒေသတွင်းမှာ ကြီးမားလာပေမဲ့လည်း၊ တရုတ် နဲ့ ယှဉ်ပြိုင်နေတာ မဟုတ်ပါဘူး လို့ ဂျပန်နိုင်ငံ ကတော့ ဆိုပါတယ်။

ဒီ ၂ ရက်ကြာ ထိပ်သီး အစည်းအဝေးမှာ ကမ္ဘာ့ ရာသီဥတု အပြောင်းအလဲ ကို အဓိကထားပြီး ဆွေးနွေးမှာ ဖြစ်သလို၊ မဲခေါင်ဒေသတွင်း နိုင်ငံတွေကြား ဖြစ်တဲ့ ပဋိပက္ခတွေကိုလည်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG