သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေတိုး မှားပစ်လို့ အာဖဂန်စစ်သား ၇ ဦး သေဆုံး


အာဖဂန်နစ်စတန်နိုင်ငံ အနောက်ပိုင်းမှာ နေတိုးတပ်ဖွဲ့ဝင်တွေ လေကြောင်းကနေ မှားယွင်းတိုက်ခိုက်မှုကြောင့် အာဖဂန် လုံခြုံရေးတပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးသွားတယ်လို့ အာဖဂန်နစ်စတန် က ပြောပါတယ်။

Badghis ပြည်နယ်မှာဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အာဖဂန်စစ်သား ၄ ယောက်နဲ့ ရဲ ၃ ယောက် သေဆုံး သွားသလို တချို့ လုံခြုံရေးဆိုင်ရာ ဝန်ထမ်းတွေလည်း ဒဏ်ရာရသွားတယ်လို့ အာဖဂန်နစ်စတန် ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။ အဲဒီဒေသမှာ သောကြာနေ့တုန်းက နိုင်ငံတကာနဲ့ အာဖဂန် တပ်သား ၂၅ ယောက်ကျော် သေဆုံး၊ ဒါမမဟုတ် ဒဏ်ရာရသွားတဲ့ မတော်တဆမှုအပေါ် စုံစမ်းစစ်ဆေးနေတယ် ဆိုပြီးတော့ နိုင်ငံတကာနဲ့ အာဖဂန် တာဝန်ရှိသူတွေက အစောပိုင်းတုန်းက ပြောပါတယ်။

အနီးကပ် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးမှုတချို့ ရှိခဲ့သလား ဆိုတဲ့အပေါ်မှာ စုံစမ်းစစ်ဆေးနေတယ်လို့ နေတိုးအဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။ စစ်ဆင်ရေးအတွင်း အသက်ဆုံးရှုံးမှု၊ ဒဏ်ရာရမှုတွေ ဖြစ်တဲ့အပေါ် တာဝန်ရှိသူတွေက စိတ်မကောင်းဖြစ်ပါတယ်လို့ ပြောခွင့်ရသူက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG