မြန်မာနိုင်ငံက ထွက်တဲ့ စွမ်းအင် အရင်းအမြစ်တွေကို အဓိကဝယ်ယူ တင်သွင်းနေတဲ့ အိမ်နီးချင်း တရုတ်နိုင်ငံက ရေနံတွေကို ပိုက်လိုင်းကနေတဆင့် သွယ်ယူဖို့အတွက် ဆောက်လုပ်ရေး လုပ်ငန်းတွေ မကြာသေးခင်ကပဲ စတင်လိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေး အခြေခံလိုအပ်ချက်ဖြစ်တဲ့ စွမ်းအင်ရရှိရေး အစီအစဉ် တစိတ်တပိုင်းအဖြစ် အခုလို ဆောင်ရွက်လိုက်တဲ့ နေရာမှာ မြန်မာနိုင်ငံကရော ဘယ်လို အကျိုး အပြစ်တွေ ရရှိခံစားနိုင်မှာပါလဲ။ မြန်မာ့စွမ်းအင် လုပ်ငန်းတွေကို အကဲခတ်စောင့်ကြည့် နေသူတွေ စီးပွားရေးပညာရှင်တွေရဲ့ အမြင်တွေကို စုစည်းပြီး ဒီတပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြ ထားပါတယ်။