သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာ သန်း ၂၀ ဖိုး မူးယစ်ဆေးဝါး စစ်အစိုးရ မီးရှို့ဖျက်ဆီး


မြန်မာနိုင်ငံမှာ မကြာခင်က တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ ကိုးကန့်ဒေသကနေ ဖမ်းဆီးရမိတယ်ဆိုတဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တာကို စစ်အစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရ တပ်တွေနဲ့ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တပ်တွေကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ စိတ်ကြွဆေးပြား ၁၂ သန်းကို ဖမ်းဆီးမိတယ်လို့ သတင်းတွေထဲမှာ ရေးထားပါတယ်။

မြန်မာတိုင်းရင်းသား ဒေသတွေကနေ မူးယစ်ဆေးဝါးတွေ ထွက်ရှိနေတယ် ဆိုတာကို အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီရင်ခံစာတွေထဲမှာ ဖော်ပြခဲ့ပေမဲ့ မြန်မာစစ်အစိုးရက ဒါကို အရင်က ငြင်းဆန်ခဲ့တာပါ။ ၂၀၀၀ ခုနှစ် လွန်ပိုင်းတုန်းကလည်း ကိုးကန့်ဒေသမှာ မူးယစ်ဆေးဝါး ကင်းစင်သွားပြီဆိုပြီး ကြေညာခဲ့ပါသေးတယ်။

ဇူလိုင်လတုန်းကစလို့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ ကိုးကန့်အဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ ကိုးကန့်ဒေသကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတယ်လို့ စစ်အစိုးရက ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG