မြန်မာ့အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ ပြည်ပနိုင်ငံတွေနဲ့ ပြည်ပ အဖွဲ့အစည်းတွေဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို အမှန်တကယ် နားလည် သဘောပေါက်ကြပါရဲ့လား။ စစ်အစိုးရ ဖွဲ့စည်းပုံရဲ့ အားနည်းချက်ကို မပြောပဲ တရားမျှတတဲ့ ရွေးကောက်ပွဲ အတွက်သာ တိုက်တွန်းနေကြတာ ထိရောက်ပါ့မလား ဆိုတာကို ဆွေးနွေးဖို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း၊ NLD ပါတီ လွှတ်တော်အမတ် ဦးဘိုလှတင့်တို့နဲ့ သောတရှင်တွေကို ဦးကျော်ဇံသာက တွေ့ဆုံ ပေးထားပါတယ်။