သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fort Hood တပ်တွင်း ပစ်ခတ်သူကို ကြိုတင်ကြံစည်မှုနဲ့ တရားစွဲပြီ


အရင်အပတ်အတွင်း အမေရိကန် Fort Hood စစ်စခန်းက ပစ်ခတ်မှုကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ သေနတ်သမား ဗိုလ်မှူး နီဒဲလ် မာလစ်ခ် ဟာဆန် (Nidal Malik Hasan) ကို လူသတ်ဖို့ ကြိုတင်ကြံစည်မှု ၁၃ မှုနဲ့ တရားစွဲဆိုလိုက်တယ်လို့ အမေရိကန်စစ်တပ် အရာရှိတွေက ပြောပါတယ်။

ဒီအမှုကို ဆက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်တဲ့အခါ ဒီ့အပြင် တခြားပြစ်မှုတွေနဲ့လည်း စွဲချက်တင်ခံရနိုင်ဖွယ် ရှိတယ်လို့ အမေရိကန်စစ်တပ်ရဲ့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာနရဲ့ ပြောခွင့်ရသူက မနေ့က တက္ကဆက်ပြည်နယ်ရှိ Fort Hood စစ်စခန်းကနေ ကြေညာခဲ့တာပါ။

တချိန်တည်းမှာပဲ မစ္စတာဟာဆန်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ အားလုံးကို စေ့စေ့စပ်စပ် ပြန်လည်သုံးသပ်ဖို့ သမ္မတအိုဘားမားက ညွှန်ကြားချက် ပေးပို့ခဲ့ပါတယ်။ အဲဒီလို သေသေချာချာ သုံးသပ်မှုတွေကနေ သေနတ်သမား ပစ်ခတ်မှု မကျူးလွန်မီ ရရှိခဲ့တဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို အစိုးရ ဌာနဆိုင်ရာတွေက မှန်မှန်ကန်ကန် အသုံးပြုမှု ရှိမရှိ၊ ဌာနဆိုင်ရာတွေ အချင်းချင်းကြားမှာလည်း ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ဖလှယ်မှုတွေ ရှိခဲ့၊ မရှိခဲ့ ဆိုတာတွေကို သိနိုင်မှာ ဖြစ်တယ်လို့လည်း သမ္မတရဲ့ ညွှန်ကြားလွှာမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG