မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်က ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို တင်ပို့ဖို့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း စတင်ဖေါက်လုပ် နေပါပြီ။ ဒါပေမယ့် ရခိုင်ပြည်သူတွေအတွက် လိုအပ်တဲ့ စွမ်းအင်လိုအပ်ချက်ကိုတော့ စစ်အစိုးရက မျက်ကွယ်ပြုထားတယ်လို့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို ဆန့်ကျင်ကန့်ကွက်နေသူတွေက ထောက်ပြနေပါတယ်။ ဒီဓါတ်ငွေ့ပိုက်လိုင်းကြောင့် အရှေ့ အလယ်ပိုင်းဒေသနဲ့ အာဖရိကက တင်ပို့မယ့် ရေနံတွေကို မလက္ကာရေလက်ကြားကို ဖြတ်စရာ မလိုတော့ဘဲ မြန်မာပြည်ကို ဖြတ်ပြီးတင်ပို့နိုင်မှာ ဖြစ်ပါတယ်။ ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ ရွှေရတနာ ဓါတ်ငွေ့သိုက်က သဘာဝဓါတ်ငွေ့ နဲ့ ရေနံတွေကိုလည်း ဒီပိုက်လိုင်းကတဆင့် တင်ပို့မှာပါ။ အခု ဓါတ်ငွေ့ပိုက်လိုင်း ဖေါက်လုပ်တဲ့နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေရှိနေတဲ့ အကြောင်း ပြောဆိုမှုတွေရှိနေပါတယ်။ အကြောင်းစုံကို ကိုကျော်ကျော်သိန်း ကတင်ပြထားပါတယ်။